Subject verb agreement
Subject verb agreement ဆိုတာ ဘာမှ အထူးအဆန်း မဟုတ်ပါဘူး။ Subject နောက်မှာ သင့်လျော်တဲ့ verb လိုက်တာပါ။ ဥပမာ မြန်မာစကားမှာလည်း
ငါ လုပ်လိုက်တယ်။ ငါတို့ လုပ်လိုက်ကြတယ်။ အများဆိုရင် ကြ ဆိုတဲ့ တစ်လုံးကလေး ပိုထည့်ရတာမျိုးပါ။ အမှန်တော့ subject verb agreement ကို elementary level ကတည်းက သင်ဖူးခဲ့ကြမှာပါ။ မေ့နေရင် ပြန်နွှေးဖို့
I go
You go
We go
Mike and Micky go
He goes
She goes
It goes
Micky goes
(Present simple မှာ subject အနည်းဆိုရင် verb မှာ s သို့မဟုတ် es ထည့်ရပါတယ်)
Past simple ဆိုရင်တော့ အကုန် အတူတူပါပဲ
I/we/you/they/he/she/it/Mike and Micky/Mike + went
I/we/you/they/he/she/it/Mike and Micky/ Mike + had
Verb to be တွေ အတွက်
I am
You/We/They/Mike and Micky + are
He/She/it/Mike + is
I was
You/We/They/Mike and Micky + were
He/She/it/Mike + was
Has နဲ့ Have နဲ့ အတွက်
I have
You/we/they/Mike and Micky + have
He/she/it/Mike + has
မေ့နေမှာစိုးလို့ပါ။ :-)
No comments:
Post a Comment